Thursday, June 18, 2020

First blog

အားလုံးပဲ မင်္ဂလာပါ။
ပထမဦးဆုံး ရေးချင်တာက တော့ အခု ဒီ blog က ကျွန်မရဲ့ ပထမဆုံး blog ပါ။
New York မှာ နေတဲ့ အိမ်ရှင်မ တစ်ယောက်ပါ။
ဒီနေ့ June 18 2020 မှာ New York မှာ Covid - 19ကြောင့် သေဆုံးသူ ဦးရေ ၂၉ ယောက် ရှိပါတယ်။
သေဆုံးနှုန်း အများကြီး နဲ သွားတာပါ။ အခု NY မှာ phase ၁ နဲ့ပြန် စ နေကြပါပြီ။ June ၂၂ မှာ phase ၂ နဲ့ ဖွင့်မယ် လို့ Governor Cuomo က ပြောထားပါတယ်။
Covid နဲ့ ဆုံးသွားတဲ့ လူတွေအားလုံးအတွက်စိတ်မ ကောင်းပါဘူး။
New Normal နဲ့ အသားကျအောင် ကြိုးစားနေထိုင်ကြ ရဦးမှာပါ။
အခုလို အဆင်မ ပြေ တဲ့ အချိန်တွေ ကို အားတင်းကျော်ဖြတ်ကြ ရမှာပါ။

ဒီနေ့တော့ အိမ် မှာမြေပဲ ပြုတ် စားပါတယ်။🥜🥜🥜
ပထမဆုံး post ဆိုတော့ စမ်းတဝါးဝါးပါ။နောက်တော့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
ဘ လော့ဂါတွေ ရဲ့ blog တော်တော်များများ ဖတ်လေ့ရှိပါတယ်။
နောက်တော့ ကြိုးစားရေးပါဦးမယ်။
New York မှာ အကြိုက်ဆုံးနေရာတွေထဲက Central Park ကို November 5 2019 သွားလည်တုန်းက     ရိုက်ထားတဲ့ ဓါတ်ပုံပါ။ အဲဒီ အချိန် တုန်း က Covid -19 pandemic  ကို လုံးဝကိုမထင်ခဲ့တာပါ။
အခုဖြစ် လာတော့လဲ ရင်ဆိုင်ကြရတာပါပဲ။
ဖြစ် လာတဲ့  အ ခြေ အ နေ အားလုံး ကို ဆုံးဖြတ်ချက် ကောင်းကောင်းချ ရင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းမိတာ ပါပဲ။
ပထမဆုံး blog ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။🙏🏼🙏🏼🙏🏼😇

No comments:

Post a Comment

First blog

အားလုံးပဲ မင်္ဂလာပါ။ ပထမဦးဆုံး ရေးချင်တာက တော့ အခု ဒီ blog က ကျွန်မရဲ့ ပထမဆုံး blog ပါ။ New York မှာ နေတဲ့ အိမ်ရှင်မ တစ်ယောက်ပါ။ ဒီနေ့ Jun...